Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ကြီးဌာနပိုင်အဆောက်အအုံများနှင့် သရက်စိုက်ခင်းများ၏ မီးတားလမ်းနှင့် ဝန်ထမ်းသက်သာပိုင် သရက်ပင်စိုက်ပျိုးထားရှိမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာနရုံးအဆောက်အအုံများအတွက် မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်မှုများပြုလုပ်ရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေးအတွက် အဆင့်ဆင့်သတိပေးကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများစနစ်တကျ ပြုစုထိန်းသိမ်း၍ အထွက်နှုန်းတိုးအောင် စီမံ‌ဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့်သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဝန်ထမ်းသက်သာပိုင် သရက်ခြံများတွင် စိန်တစ်လုံးသရက်ပင် ၁၂၁၃၅ ပင်နှင့် ပတ္တမြားငမောက် သရက်ပင် ၇၀၀ ၊ စုစုပေါင်းသရက် ပင် ၁၂၈၃၅ ပင် စိုက်ပျိုးထားပြီး အဆိုပါသရက်ခြံများမှရရှိသည့် သရက်သီးရောင်းချငွေများဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်