Skip to main content

Sep 18, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့်အတူ လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများ၊ နည်းပြဆရာများနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲမှစတင်၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများနှင့်အတူ မြန်မာကုန်စည် ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသလျက် ရှိသည်။ (ဝဲပုံနှင့် အပေါ်ပုံ)

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနန်နင်းမြို့တွင်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘယ်လာရုစ်သမ္မတ နိုင်ငံ မင့်စ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ မြန်မာကိုယ်စား လှယ်အဖွဲ့အား မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှဝန်ထမ်းများနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မက်မန်းခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက်ပြီး ခင်းကျင်းပြသထားသည့် စက်မှုပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်များနှင့် ပြန်ပြည့်မြဲစွမ်းအင်သုံးစနစ် များကို ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်က ဘောလခဲမြို့နယ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် အမှတ် (၄) လမ်းမကြီးပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အဦသစ် ပန္နက်တော်တင်တွင်း တော်ဝန်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါအဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

မျက်မှောက်ကာလ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအများ ကြုံတွေ့ခံစားနေကြရသည်။ မကြာသေးမီကဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံအချို့တွင် သေဆုံးထိခိုက်ဒဏ်ရာရမှုများနှင့် ဆုံးရှုံးပျက်စီးမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းများထဲတွင် အဓိကကျသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည်။ ယင်းသို့အားပေးရာတွင်လည်း ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို ဦးစားပေး၍ မြှင့်တင်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၉၂၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတကာ Polytechnic University များအား ဆန်းစစ်လေ့လာ၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နိုင်ငံခြားသားများရေးရာဌာန ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်