Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

ရန်ကုန် မတ် ၁၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိ သိမ်ကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ပေးပို့သောသဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့်ကဖတ်ကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဖိနပ်လုပ်ငန်းရှင်များဥက္ကဋ္ဌဦးကံညွန့်က မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များမျိုးတူစု အဖွဲ့ချုပ်ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြောက်ခြင်းကို သဘာပတိအဖွဲ့က အတည်ပြုချက်ရယူ၍ ရွေးချယ်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကံညွန့်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး MSME Cluster ဖိနပ် လုပ်ငန်းရှင်များမျိုးတူစုအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဖိနပ်လုပ်ငန်းအစုအဖွဲ့အလိုက် စုပေါင်းစွမ်းအားကို တည်ဆောက်နိုင်ခြင်းဖြင့် ဖိနပ်လုပ်ငန်းရှင်တစ်ဦး တစ်ယောက်တည်းဖြင့် မအောင်မြင်မရယူနိုင်သော ဈေးကွက်အခွင့်အလမ်းများကို အစုအဖွဲ့၏စုစည်းအားဖြင့် ရယူထိုးဖောက်နိုင်ခြင်း၊ ဖိနပ်လုပ်ငန်းရှင်များ တွေ့ကြုံနေရသောအခက်အခဲနှင့် အတားအဆီးများကို အစုအဖွဲ့လိုက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများကိုရရှိနိုင်မည်ဖြစ်သည်။

သတင်းစဉ်