Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ၏ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ နေရာအသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့်ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ စာမေးပွဲခန်းများအတွင်း လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝန်ထမ်းခန့်ထားရေး

ဝန်ကြီးဌာန၏ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုးသား ၁၂၀၊ အမျိုးသမီး ၃၀ စုစုပေါင်း ၁၅၀ ခန့်ထားနိုင်ရေးဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှောက်ထားသူများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီစွာလျှောက်ထားသူ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၃၉၂ ဦး စုစုပေါင်း ၆၅၆ ဦးတို့သည် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ယနေ့ဖြေဆိုကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့်အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅၀ စုစုပေါင်း ၇၉ ဦး ဖြေဆိုကြကြောင်းနှင့် အဆိုပါအင်္ဂလိပ်စာ ရေးဖြေစာမေးပွဲအောင်မြင်သူများအား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို မကြာမီဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုအောင်မြင်သူများကို ဝန်ထမ်းခန့်ထားရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်