Skip to main content

Jul 18, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟာမက် မွန် (န) ဝါဟူစိန်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်း လာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW Volkswagen နှင့် FAW AUDI Q4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Nissan Ariya အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ZEEKR X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX Alpha T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှ တင်သွင်းလာသော Volkswagen ID-4၊ Volkswagen ID-6 နှင့် Volkswagen ID-7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအား မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုး၊ မည်သူမဆို နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားများ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခအခက်အခဲများ ကြုံတွေ့ရပါကလည်း ရင်ဝယ်သားကဲ့သို့ စာနာထောက်ထားဖေးမကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ဝါဆိုလသည် နွေရာသီကုန်ဆုံး၍ မိုးသို့ကူးပြောင်းသောလဖြစ်သည်။ ဝါဆိုဟူသောဝေါဟာရ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ‘ဝါ’ ဟူသည် ‘နေခြင်း’ ဟု အနက်ရသော ပါဠိစကားလုံး ‘ဝါသ’ မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ဆို’ ဟူသည် ‘ရွတ်ဆိုခြင်း’ ဟု အနက်ရခြင်းကြောင့် ဝါဆို၏အဓိပ္ပာယ်မှာ ‘နေထိုင်ခြင်း၊ ရွတ်ဆိုခြင်း’ ဖြစ်သည်ဟု ဖွင့်ဆိုသည်။ ဝိနည်းတော်အရ ရဟန်းတော်များသည် ဝါတွင်းသုံးလပတ်လုံး တစ်ပါးအရပ်သို့မသွားဘဲ တစ်ကျောင်း၊ တစ်နေရာ၌သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြု ဝါကပ်ကြသည့်လဖြစ်ခြင်းကြောင့် ဤလကို ဝါဆိုလဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည် သူ ၃ ဦး သေဆုံးပြီး ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်မှုထမ်းဆောင်ရန် အမည်စာရင်းတွင်ပါဝင်ပြီး လာရောက်သတင်းပို့ခြင်းမရှိသည့် လူငယ် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၄ ရက်နေ့တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနှင့် စမ်းဘုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆားချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုကြောင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ယနေ့ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရထားရောက်ရှိဖြတ်သန်းစဉ် အဆိုပါနေရာ၌ ရထားလမ်းမိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁) ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော လူစီးတွဲ (၂) တွဲ လမ်းချော်ကျမှုဖြစ်ပွားသည်။ ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ယာယီပိတ်ထားခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရနရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူသွားလာနေထိုင်အသုံးပြုလျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျင်းပပြုလုပ်ရာ မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ Major General Denis Vladimirovich DAYDOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား)တွင် ဇူလိုင် ၅ ရက်ခန့်မှစ၍ အင်းရေတဖြည်းဖြည်းတိုးလာရာ ဇူလိုင် ၁၅ ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်းနှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေပြီး ငှက်လှေစီးသူနှင့်အင်းရေကြည့်ရန် လာရောက်သူများပြားနေကြောင်း တောင်သမန်ငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ပြင်ဦးလွင်ခရိုင်နှင့် ‌ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်၉နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်