Mar 05, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဂေါပကအဖွဲ့ဝင်များက လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Mar 05, 2024
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၎င်း၏ခန့်အပ်လွှာကို မတ် ၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အထက်လွှတ်တော်၌ ကမ္ဘောဒီးယား နိုင်ငံ ခေတ္တနိုင်ငံအကြီးအကဲ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် ဗီဘိုဆီနာဖရက်ကဒေးစိုင်းချုံမ် ထံသို့ပေးအပ်ခဲ့ပြီးဖြစ်သည်။
Mar 05, 2024
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသည့်ဧည့် လမ်းညွှန်ကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ပိုင်းတွင်ဒေသဆိုင်ရာဧည့်လမ်း ညွှန်သင်တန်
Mar 05, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှကြီးမှူး၍ ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှမြှင့်တင်ရေးအဖွဲ့ညီလာခံခန်းမ၌ ကျင်းပသည်။
Mar 05, 2024
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Mar 05, 2024
အာဆီယံ-ဂျပန်စင်တာ၏ ၂၀၂၃ ဘဏ္ဍာနှစ် စွမ်းဆောင်ရည်မြှင့်တင်ရေး ရန်ပုံငွေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနက ဦးဆောင်ကျင်းပ ပြုလုပ်သည့် စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံး ကန့်သတ်ချက်များဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 05, 2024
မဲခေါင် - လန်ချန်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း(၂၀၂၁) အရ တိရစ္ဆာန် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့်ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ် ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ ကျင်းပသည်။
Mar 05, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက်က အေးသာယာမြို့ရှိရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ရေရရှိရေးအတွက် ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးသည်။
Mar 05, 2024
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ရာ နိုင်ငံ၏အဓိကပြည်ပပို့ကုန်အဖြစ် လယ်ယာထွက် ကုန်စည်များဖြစ်ကြသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့အထွေထွေကုန်စည်တင်သင်္ဘောများကိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍လည်း တင်ပို့လျက်ရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါးကိုပင်လယ်ရေကြောင်းမှ ပြည်ပသို့တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Mar 05, 2024
ပညာရေးဝန်ကြီးဌာန မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး စကားဝိုင်းဆွေးနွေးပွဲများနှင့်ပြခန်းများ ပိတ်ပွဲအခမ်းအနားကိုတက်ရောက်၍ ဆုများချီးမြှင့်သည်။
Mar 05, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မတ် ၄ ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 05, 2024
ပြန်ကြားရေးဝန်ကြီးဌာနက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် ကွန်းခိနေထိုင်ကြသော အဘိုး၊ အဘွားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါဘိုးဘွားရိပ်သာရတနာပုံခန်းမ၌ ကျင်းပသည်။
Mar 05, 2024
လောကတွင် “အူမတောင့်မှ သီလစောင့်နိုင်” ဆိုသကဲ့သို့ သမုဒ္ဒရာဝမ်းတစ်ထွာဝလျှင် ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြေခံပြည်သူအများစု အူမတောင့်ရန်အတွက် အခြေခံစားသုံး ကုန်သီးနှံဖြစ်သော ဆန်နှင့် ဆီ လောက်ငဖူလုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဆန်ဖူလုံရေး၊ ဆီဖူလုံရေး၊ ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
Mar 05, 2024
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု များ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း စသည်ဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း သတင်းထုတ်ပြန်ထားသည်။
Mar 04, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်၊ သံဃာတော် ၁၆၀ ပါး၊ အုပ်ချုပ်သူအဖွဲ့ဝင် ၈ ဦးနှင့် ဆေးအကူ ၂ ဦးတို့က လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 04, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။