Skip to main content

မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဦးဆောင်ကော်မတီ (Joint Steering Committee- JSC) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Shri Pankaj Agarwal နှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ပူးတွဲဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်