Skip to main content

Mar 06, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မရပ်တန့်နိုင်သေးတဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ” ခေါင်းစဉ်ဖြင့် မတ် ၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ မတ် ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်၊ တာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက်က ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်း အလျား ၇၄၅ မီတာ၊ ပျမ်းမျှအကျယ် ၁၂၀ မီတာနှင့်အနက် ရေစစ်မျဉ်းအောက် ၇ မီတာ စုစုပေါင်း ၃၉၈၉၂၀ ကုဗမီတာ သောင်တူးဖော်ခြင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နုန်းတားကျောက်စီလှိုင်းကာ အလျားပေ ၅၀၀ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၄)ဖြင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ”ကို ၁၃၈၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါနည်းဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုးကူညီ ဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေးအတွက် တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ ဖတ်ရှုလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း- မဲခေါင်နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်အရ “Python for Econometrics” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

ယခုကာလတွင် နိုင်ငံတစ်ဝန်း၌ နေ့လယ်ပိုင်းအချိန် အပူရှိန်ပြင်းထန်ပြီး နံနက်စောစောတွင် အေးမြမှုကို ခံစားနေကြပါသည်။ အပူနှင့်အအေးကွာခြားချက်ကြီးမား၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လူတို့ကြုံတွေ့နေကြရသည်။ ယခုအချိန်သည် တပို့တွဲ-တပေါင်း နွေဦးရာသီ ကူးပြောင်းစကာလဖြစ်၍ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော အခြေအနေနှင့် လူတို့ကျန်းမာရေးကို သတိပြုကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၃-၂၀၂၈)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ရာ အဆိုပါစီမံကိန်းမိတ်ဆက်တင်ပြခြင်းအခမ်းအနားကို ပြီးခဲ့သည့် မတ် ၄ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သော မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2024

ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ မတ်လ ၂ ရက်နေ့က ၁၂ ဘီး ကားအစီး ၂၀ ဖြင့် လူငယ် ၄၀၀ ကျော်ရောက်ရှိနေကြောင်း၊ အဆိုပါ လူငယ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် မြို့ကြီးများမှ ပေါ်တာဆွဲခံရသည့်လူငယ်များဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကောလာဟလသတင်းအမှားများကို မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ ၁၁ ဦး ကို သတ်ဖြတ်ခြင်း၊ ကျေးရွာ ၉ ရွာမှ နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ဖျော်ဖြေ ရေးအဖွဲ့များက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2024

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်