Skip to main content

Mar 07, 2024

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို မတ်လ ၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူအားလုံးကို ရွာထဲတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်တစ်ခုလျှင် လူ ၂၀ ပေးရန် တောင်းခံနေကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်များက လုပ်ကြံရေးသားပြီး လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ 4E-7950 Probox ခဲရောင် (ငှား) ယာဉ်က ဘေးမှပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ (၇) ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွား‌သဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်၍ စုံစမ်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များကိုဖွဲ့စည်း ၍လည်းကောင်း၊ အကောက် ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း၍လည်း ကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိ မှုသည် အလွန်အရေးပါလျက်ရှိ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ပြင်းထန်စွာရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူများ အထင်အမြင်လွဲမှား စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန် ရှိသူများနှင့်အတူ မတ် ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ် လေယာဉ်ကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ခြင်း Bored pile အခြေပြုကွန်ကရစ် ဆိပ်ခံတံတား အလျား ပေ ၂၀၀ တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘ ဝမြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co.,ltd ၏ စားသောက်ကုန် ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

မွေးမြူရေးထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

မြန်မာနိုင်ငံ စာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards - Dip IPSAS) အမှတ်စဉ်(၁) ၊ အပိုင်း (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) မှ ဘွဲ့ကြို ကျောင်းသား ကျောင်းသူများအား လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ UCMT CAREER FAIR 2024 ကို မတ် ၆ ရက် နံနက် ၁၀ နာရီက ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က အသင်းဝင်ကတ်ကို ပထမဆုံးအကြိမ်အဖြစ် Smart ကတ် ထုတ်ပေးမည်ဖြစ်ကာ ကတ်ပါ QR ကုတ်ကို စကင်ဖတ်ပြီး အတုံးအခဲလိုင်စင်နှင့် ရွှေသယ်၊ ငွေသယ်ကတ်ကို တစ်ပါတည်း ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် သင်တန်းသားအရာရှိများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းများအား အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

မြန်မာနိုင်ငံမှထွက်ရှိသော လယ်ယာ၊ သား၊ ငါးထွက်ကုန်များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့နိုင်ရေးတို့ကို ကဏ္ဍပေါင်းစုံမှ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရန်အတွက် လုပ်ထုံးလုပ်နည်း၊ မူဝါဒများ၊ စီမံကိန်းများ အဆင်ပြေ ချောမွေ့ရေးသည် အရေးပါသည့် သော့ချက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2024

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိတို့၏ ပိုင်နက်နယ်နိမိတ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် မိမိတို့၏ ကာကွယ်ရေးစွမ်းအားကို တောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြရသည်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားစုဖြစ်သော တပ်မတော်အင်အားချည့်နဲ့ပါက နိုင်ငံကို ကာကွယ်နိုင်စွမ်းလည်း ကင်းမဲ့ကာ ပိုင်နက်နယ်မြေကို ကျူးကျော်မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးမှုတို့ ပေါ်ပေါက်လာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေတစ်ရာနီးပါးပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားဖွယ် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်ပေါ်တွင် တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်