Skip to main content

Mar 04, 2024

တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သာသနပါလဓမ္မရိပ်သာ (မြိတ်) ကျောင်းတိုက် ဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဂဏဝါစကပရိယတ္တိ ဓမ္မာစရိယ၊ သာသနကုံရပရိယတ္တိ ဓမ္မာစရိယ၊ ပ - သုံးလုံး၊ ဝိပဿနာပညာတက္ကသိုလ်၊ ဇမ္ဗူသီရိမြို့နယ် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဓမ္မစကူးလ်အတွင်းရေးမှူး၊ အနာဂတ်အလင်းရောင် ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌသည် ၁၃၈၄ ခုနှစ် (၃၆) ကြိမ်မြောက် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရရှိ တော်မူခဲ့သောကြောင့် ရဟန်း ဒါယကာ၊ ရဟန်းဒါယိကာမများစုပေါင်း၍ ဂုဏ်ပြုပူဇော်ပွဲနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သံသရာအေးဗိမာန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ် စဉ် ၁/၂၀၂၄ သင်တန်းသားမှ အုပ်ချုပ်သူခုနစ်ဦး၊ သင်တန်းသား သင်တန်းသူ ၆၀ စုစုပေါင်း ၆၇ ဦး တို့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်ကကြီးမှူး၍ အာဆီယံပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN India Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “Enhancing the capacity building in science and technology through close collaboration between Mandalay Technological University and Ho Chi Minh City University of Technology” စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် “မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ နည်းပညာတက္ကသိုလ်များမှ ဘွဲ့ကြိုသင်တန်းများ၏ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရည်အသွေးတည်ဆောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် အသေးစားကုန်ထုတ် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့တွင် နေပြည်တော်ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း ကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” သို့ လာရောက်ကြသည့် အစေ့ထုတ်ပြောင်းမျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက် (၃) ရပ်ကိုချမှတ်၍ ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲပြီး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2024

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) ဆိုသည်မှာ မြေယာပြုပြင်စိုက်ပျိုးခြင်းမှအစပြု၍ စားသုံးသူလက်ဝယ်သို့ရောက်သည်အထိ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် စားသုံးသူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်မှုများ၊ ညစ်ညမ်းမှုများကို အနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များပင်ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝကောင်းမွန်သည့် စိုက်ပျိုးထွက်ကုန်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ရရှိနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2024

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ပြည်သူများ နေ့စဉ်စားသုံးနိုင်ရန် ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးမှ ရေချို/ရေငန်ရေထွက်ပစ္စည်း တစ်ရက်လျှင် ကုန်တန်ချိန် လေးသိန်းကျော် ဝင်ရောက်ဖြန့်ချိလျက်ရှိရာ အလုပ်သမားနှစ်ထောင်ကျော်အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည့် မျိုးစေ့ပြပွဲ(၂၀၂၄)သို့ လာရောက်လေ့လာကြသည့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း၊ ပုဂ္ဂလိက ပျားမွေးမြူသူ၊ ပြည်ပသို့ပျားရည်တင်ပို့သူများနှင့်တွေ့ဆုံ၍ ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2024

ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်