Skip to main content

Jul 17, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၆-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စစ်သားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် မျက်စိစမ်းသပ်တဲ့ ဆေးဘုတ်မှာကျခဲ့လို့ စစ်သားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဟိုးငယ်စဉ် စစ်တိုက်တမ်း ဆော့ကစားတဲ့အရွယ်ကတည်းက စစ်သားဖြစ်ချင်ခဲ့တာပါ။ အိမ်နားမှာ စစ်သားတွေ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ရောက်လာတိုင်း သူတို့စစ်ဝတ်စုံတွေ ဝတ်ကြည့်၊ စစ်လက်နက်တွေ ကိုင်ကြည့်နဲ့ သိပ်အားကျမိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈)ခု၊ အပတ်စဉ် တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ် ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code - 2024) အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

သုတေသနပရောဂျက်ပြပွဲ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology -MIIT)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး၊  မီးခြစ်အမျိုးမျိုး၊  ပန်းခွေ/ ပန်းစည်း/  ပန်းခြင်းအမျိုးမျိုး၊  ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​၁။      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ - ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘို လမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံ အထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျွန်တော်သည် ကယားပြည်နယ်လွိုင်ကော်မြို့မှ ဒေသခံပြည်သူတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ ကယားပြည်နယ်သည် ဆယ်စုနှစ်များစွာ တည်ငြိမ်အေးချမ်းခဲ့သော ပြည်နယ်တစ်ခု ဖြစ်ခဲ့ပါသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် လမ်း၊ တံတားများစွာ တည်ဆောက်ဖောက်လုပ်ပေးခဲ့ရုံမက တက္ကသိုလ်များ၊ ဆေးရုံများ၊ ဆည်မြောင်းတာတမံများကို တည်ဆောက်ပေးခဲ့၍ ဒေသ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ဒေသခံပြည်သူများအနေဖြင့်လည်း မချမ်းသာသည့်တိုင် ငြိမ်းချမ်းမှုရှိ၍ အေးချမ်းပျော်ရွှင်ခဲ့ကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် (၁၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသည် ယခုအခါ တတိယသက်တမ်းသို့ရောက်ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့်သတင်းမီဒီယာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ယွင်ထရန်းဟွအုပ်စု ကုမ္ပဏီလီမိတက်က ချီးမြှင့်ထောက်ပံ့သည့် ပညာသင်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးဦးဝဏ္ဏဟန်သည် ၎င်း၏ခန့်အပ်လွှာကို ဇူလိုင် ၁၅ ရက်က အစ္စလာမာဘတ်မြို့၌ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အဇစ်အလီဇာဒါရီထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​ဂျီနီဗာမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲ ဆုံးဖြတ်အတည်ပြုချက်များသည် အပြုသဘောမဆောင်သည့် ဘက်လိုက်ဆောင်ရွက်ချက်များဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်မပြု ကန့်ကွက်ရှုတ်ချခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်