Skip to main content

အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလမ်းပြမြေပုံ ၂၀၂၅-၂၀၃၀ နှင့် မဟာဗျူဟာများ ထွက်ပေါ်လာစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း ၂၀၂၂ ဖြင့် ဆောင်ရွက်သော အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ပေါ်ထွက်နိုင်ရန်အတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုများနှင့် အမျိုးသားလူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနေမှုများကို Stakeholders များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ထွက်ပေါ်လာစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်တွင်းအတိုင်ပင်ခံပညာရှင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၄ ခုမှ မူဝါဒဆိုင်ရာ ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့် မဟာဗျူဟာများ (ပဉ္စမမူကြမ်း) အတည်ပြုနိုင်ရေးအဆင့်အတွက် အပြီးသတ်ညှိနှိုင်းဆွေးနွေးကြသည်။

ထို့ပြင် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များက လမ်းပြမြေပုံနှင့် မဟာဗျူဟာပဉ္စမမူကြမ်းတွင် အာဆီယံဒေသတွင်း STI ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ STI ဖွံ့ဖြိုးတိုးတက်မှု လက်ရှိအခြေအနေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်သုံးယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ STI ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ ၂၀၂၅-၂၀၃၀ ခုနှစ်အတွက် လမ်းပြမြေပုံနှင့် မဟာဗျူဟာမြောက်ရည်မှန်းချက်များ၊ နယ်ပယ်ခြောက်ခုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အကျိုးကျေးဇူးနှင့် မျှော်မှန်းရလဒ်များ အဓိကထည့်သွင်းရေးဆွဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်