Jan 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။
Jan 11, 2021
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရား(၃)ဆူ(ဘုရားအမှတ်၊ ၄၇၇၊ ၄၇၈ နှင့် ၄၇၉ တို့ပြုပြင် ထိန်းသိမ်းခြင်း စီမံကိန်းအစီအရင်ခံစာတင်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။
Jan 11, 2021
တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ အုတ်တွင်း-ပေါက်ခေါင်းကား လမ်း မိုင်တိုင်အမှတ် ၁၂၂/၂ နှင့် ၁၂၂/၃ ကြားတွင် အောင်သော်သော် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း။
Jan 11, 2021
နေပြည်တော် ဇန်နဝါရီ ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနတွင် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုး အတွက် စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေမှုများကြောင့် အဂတိလိုက်စားမှုပပျောက် ရေးအတွက် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင် ကြားခဲ့သည်။
Jan 11, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံ နက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့ရေနံဓာတု ဗေဒလုပ် ငန်း၊ ရေနံဓာတ်ငွေ့ရည်အရောင်း ဆိုင်(နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၆ ခန်းတွဲ ၄ ထပ် အမှုထမ်းအိမ်ရာအသစ် တိုက်အမှတ် (၂၃၁၁၇) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jan 11, 2021
တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Jan 11, 2021
မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism- CBT ) နှင့်
Jan 11, 2021
“စာပေသည်သူ၏အသက်”ဟု တင်စားခဲ့သော ဒေါ်သိန်းဆိုင် (စာရေးဆရာမကြီး မမြတ်လေး) ကို ဖခင်ကုန်သည်ကြီး ဦးအုန်းခိုင် နှင့် မိခင်ဒေါ်ကြင်မေတို့က ၁၉၁၄ ခုနှစ်တွင် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း (မိသားစု ချက်မြှုပ်ရာအိမ်ကို စာသင်ကျောင်း ဆောက်၍ နိုင်ငံတော်အား လှူဒါန်းခဲ့သည့် မြေနေရာရှိ) အိမ်၌ မွေးဖွားခဲ့ပါသည်။ မွေးချင်းကိုးယောက်တွင် အကြီးဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်) သည်လည်း ၁၉၂၀ ပြည့်နှစ်၌ မွေးဖွားခဲ့ခြင်း ဖြစ်ပါ သည်။
Jan 11, 2021
စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၂၉) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ ဇန်နဝါရီ (၂၃၊ ၂၄၊ ၃၀၊ ၃၁) ရက်များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်သဖြင့်