Jan 09, 2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် နွားတဲကုန်း ကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ စားကျက်မြေတွင် စိုက်ပျိုးထားသော နေဗီယာ မြက်စိုက်ပျိုးရေးသရုပ်ပြခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။
Jan 09, 2021
အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များ ရေးဆွဲခြင်းအပေါ် သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 09, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကြောင်း အမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၄၂ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Jan 09, 2021
တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 09, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် အားကစားကွင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန နှစ်ထပ်ရုံး၊ အား/ကာမှူးနေအိမ်တစ်ထပ်နှင့် RC ခြံစည်းရိုးတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဇမ္ဗူသီရိ မြို့နယ် (ရွှေကြာပင်အားကစားကွင်း) မြေနေရာ၌ ကျင်းပသည်။
Jan 09, 2021
ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲကာလတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း မျိုးသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိလာသည်။ ယမန်နှစ် ဒီဇင်ဘာလ ဒုတိယပတ်က ဗြိတိန်တွင် အလွန်ကူးစက်မြန်သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တွေ့ရှိပြီးနောက် တောင်အာဖရိကတွင်လည်း အလွန်ကူးစက်မြန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို ထပ်မံတွေ့ရှိ ခဲ့ပြန်သည်။
Jan 09, 2021
လောကဓံနှင့် ကြုံရသောအခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြမှုမရှိခြင်း၊ တပ်မက်မှု မရှိခြင်း၊ ကိလေသာအပြစ်မြူ ကင်းစင်ခြင်း၊ ကြောက်ခြင်းဟူသည့် ဘေးမရှိခြင်းတို့သည် မင်္ဂလာ ရှိ၏ဟု မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် ဆိုသည်။
Jan 08, 2021
ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Virtual meeting အဖြစ် ကျင်းပသည်။
Jan 08, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်နေမှုနှင့် စပ်လျဉ်းသည့် လုပ်ငန်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 08, 2021
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကြုံတွေ့လာရသည့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေး ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။