ရန်ကုန် ဇန်နဝါရီ ၁၀
စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၂၉) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသား သွေးလှူဘဏ်) ၌ ဇန်နဝါရီ (၂၃၊ ၂၄၊ ၃၀၊ ၃၁) ရက်များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်သဖြင့် မည်သူမဆို သွေးလှူဒါန်း နိုင်ကြောင်းနှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင် “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က အမှတ်တရ လက်ဆောင်များ UV ကာကွယ်ထီးကြီး၊ ခရီးဆောင်လက်ဆွဲအိတ်၊ အင်္ကျီ၊ ကြက်ဥ ၁ဝ လုံး၊ လက်သန့်ဆေးရည်နှစ်ဘူး၊ ခုရေ ၅ဝ ပါ နှာခေါင်းစည်းတစ်ဘူး ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့် သူများအနေဖြင့် စန်းမောင်မြင့်သွေးလှူ ကုသိုလ်ဖောင်ဒေးရှင်း ၀၉-၄၄၉၂၅၃၇၆၇၊ ၀၉-၆၉၅၁၃၅ ၅၁၅၊ ဇန်နဝါရီ ၂၃၊ ၂၄ ရက်များအတွက် (၂၀-၁- ၂၀၂၁)၊ ၃၀၊ ၃၁ ရက်များအတွက် ၂၇ - ၁ - ၂၀၂၁ နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်