Skip to main content

အုတ်တွင်း၊ တာမွေ နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၁

တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ အုတ်တွင်း-ပေါက်ခေါင်းကား လမ်း မိုင်တိုင်အမှတ် ၁၂၂/၂ နှင့် ၁၂၂/၃ ကြားတွင် အောင်သော်သော် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း။

ထို့အတူ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် (၁၄၄)လမ်းထောင့်တွင် ညီမင်းသူ (ခ)အောင်လေး(ခ)အစန်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၄၀ ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမှုလွယ်ရပ်နေ စိုင်းအိုက်ကျော် (ခ) အိုက်ကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကိုသိမ်း ဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအ ရ အရေးယူထားကြောင်းသိရသည်။  

(ရဲပြန်ကြား)