Skip to main content

ဗန်းမော်ခရိုင် ရွှေကူမြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးနှစ်သိန်း စိုက်ထည့်

နေပြည်တော် ဒီဇင်ဘာ ၂၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း ငါးသယံ ဇာတများ ရေရှည်တည်တံ့ စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး တို့အတွက် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်က အမှတ်(၃)ရပ်ကွက် မြို့ကုန်းရေဆိပ် ပြည်တော်သာ တံတား၌ ဆောင်ရွက်သည်။

အခမ်းအနားသို့ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန် ရှိသူများက နှစ်လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင် ရေ ၁၈၀၀၀၀၊ ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ ၂၀၀၀၀ စုစု ပေါင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းအား ဧရာဝတီမြစ် အတွင်း လွှတ်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)