Skip to main content

ကော့သောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် ကော့သောင်းမြို့နယ်မလိဝမ်း ကျေးရွာအုပ်စု မလိဝမ်းကျေးရွာ နေ မနန္ဒာလင်းအေး(ခ)မိတုတ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၇၅ ပြား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျောက်ပန်းတောင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ သာယာ ရေး ရပ်ကွက်နေ မြင့်စန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မခင် သန္တာနှင့် ဟံမင်းထွန်း(ခ)တီးလုံး တို့ကို တွေ့ရှိရပြီး စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ၂ဝဝ နှင့် လေသေနတ် တစ်လက်တို့ကို သိမ်းဆည်း ရမိခဲ့သည်။ ကွင်းဆက်အရ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် မြို့မကွက် သစ်ရပ်ကွက်နေ မညွန့် ညွန့်၏နေအိမ်သို့ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၃ဝဝ နှင့် မြန်မာငွေကျပ် ၉၈၉ဝဝဝ သိန်းတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား