ရန်ကုန် ဒီဇင်ဘာ ၂၅
ရန်ကုန်မြို့ ပြည်လမ်း အင်းလျား ကန်ပေါင် ပန်းခြံမြက်ခင်းပြင်တွင် အများပြည်သူရုံးပိတ်ရက်ကာလ မိသားစုများ အနားယူအပန်းဖြေသူများ စည်ကားနေသည်ကို ခရစ္စမတ်ရုံးပိတ်ရက် ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မြင်တွေ့ရသည်။
ပြည်လမ်း အင်းလျားကန်ပေါင် ပန်းခြံတွင်လာရောက်အပန်းဖြေ အနားယူကြသည့်အပြင် နံနက် ခင်းနှင့် ညနေခင်းအချိန်များ၌ လည်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများ၊ လမ်းလျှောက် အပန်းဖြေသူများ၊ အားကစား ပြုလုပ်သူများဖြင့် စည်ကားလေ့ရှိ သည့်အပြင် ယခုလို အများပြည်သူ ရုံးပိတ်ရက် အားလပ်ချိန်များတွင် လည်း မိသားစုများနှင့်အတူ အနား ယူသူ၊ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ရှိ အနားယူအပန်းဖြေနိုင်သော ပန်းခြံပေါင်း ၆၀ ကျော်နှင့် အား ကစားကွင်း ၁ဝဝ ကျော်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည်အများပြည်သူ အနားယူအပန်းဖြေနိုင်သောနေရာ သစ်များကို ရှာဖွေဖော်ထုတ်လျက် ရှိသည်။ ထို့ပြင် လက်ရှိ ပန်းခြံများ နှင့် အားကစားကွင်းနေရာများ တွင်လည်း အများပြည်သူသန့်စင် ခန်းများ ထပ်မံတိုးချဲ့တည်ဆောက် ပေးလျက်ရှိရာယခုဘဏ္ဍာနှစ်တွင် ကမ္ဘာအေးစေတီလမ်း အင်းလျား ကန်ပေါင်၌ အများသုံးသန့်စင်ခန်း များတိုးချဲ့ တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
စောသိန်းဝင်း