Skip to main content

Dec 25, 2021

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး လွိုင်ကော်လေဆိပ်သို့ ယနေ့နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်အတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ပြည်သူလုထု အကာအကွယ်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်က ယနေ့နံနက် ၃ နာရီမှစတင်၍ ၃ ကြိမ်တိုင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်အတွက် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ အပါအဝင် စသည့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ခရီးသွားပြည်သူများအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁) နှစ်သည် ဇနီး ဒေါ်သူဇာအေး(၄၅)နှစ်၊ သားဖြစ်သူ မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သို့ပြန်လာခဲ့ရာ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးတံတား အလယ်သို့ ရောက်ရှိစဉ် အငှားယာဉ်၊ YGN-5F/7939 Probox အဖြူရောင်သည် လမ်းအား ပိတ်ရပ်၍ ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦးမှ ဦးနှင်းငွေ ပိုင်ဆိုင်သည့် ရွှေထည် ပစ္စည်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ်ခန့်) လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့် ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လွတ်လပ်ရေးနှင့်အတူ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ကျူးကျော်သူနယ်ချဲ့ နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမျိုးသားခေါင်းဆောင်များ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ ။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံက အခြားနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ကာ အင်ပါယာများ ထူထောင်ခဲ့ကြသည်။ အင်ပါယာပြည့်ရှင်နိုင်ငံက လက်အောက်ခံနိုင်ငံများထံမှ သယံဇာတ၊ စီးပွားရေးအကျိုးအမြတ်နှင့် ကြွယ်ဝချမ်းသာမှုတို့ကိုပါ ရယူခံစားကြပြီး ၎င်းတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို လက်အောက်ခံနိုင်ငံများသို့ ဖြန့်ချိခဲ့ကြသည်။ လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မည့်အချိန်တွင်မူ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြကာ နိုင်ငံနယ်နိမိတ်များကို ပြင်ဆင်ခြင်း၊ ခွဲစိတ်ခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် အင်အား ချည့်နဲ့အောင် ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်