Skip to main content

Feb 06, 2022

နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံးတွင် ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ဧရာဝတီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီး မြောက်အောင်မြင်ပွဲကို ယနေ့နံနက် (၈)နာရီတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လူမှုဖူလုံရေးအဖွဲ့ နယ်မြေရုံးခွဲ ခြောက်မြို့နယ်၌ အကျုံးဝင်မှတ်ပုံတင်ထားသော လှိုင်မြို့နယ် အမှတ်(၈)သစ်စက်မှ အာမခံအလုပ်သမား ဦးအောင်မျိုး (လျှပ်စစ်ကျွမ်း ကျင်-၄) ၏ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှုအတွက် လူမှုဖူလုံရေးအဖွဲ့က အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်း ခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ လေဆိပ် ကုန်လှောင်ရုံ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ IDတွင်ကြေညာ ထားခြင်းမရှိသော လူသုံးကုန်၊ စားသောက်ကုန်၊စိုက်ပျိုးရေးသုံးပစ္စည်း များနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၇၀၉၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၇)ခုမြောက် မြဝတီဘဏ်(မှော်ဘီ)ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မြဝတီဘဏ် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စုအချို့ သည် ဒေသအခြေအနေအရ သွားလာရန် ခက်ခဲသော်လည်း ထိုဒေသရှိ ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိသော နိုင်ငံသားတိုင်း ကတ်ပြား တစ်မျိုးမျိုး လက်ဝယ်ရရှိကိုင် ဆောင်နိုင်ရေးအတွက် နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီးပြုလုပ် ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကွတ်ခိုင်မြို့နယ် ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မုံးထမြို့ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဖေဖော်ဝါရီ ၄ ရက်တွင် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်