Feb 18, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြင့်တက်လာသဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူတစ်ဦးချင်းအလိုက် ကိုဗစ် - ၁၉ စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Feb 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော 1P/ 3145 (Mitsubishi Chariot) အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၅၀,၀၀၀) ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။
Feb 18, 2022
အာဆီယံအားကစားဆိုင်ရာ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးဖိုရမ် “ASEAN Forum for Promotion of Women Participation in Sports” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
Feb 18, 2022
ဂျပန် အစားအစာချက်ပြုတ် ပြင်ဆင်မှုသင်တန်းဆင်းပွဲ (Japanese Culinary Training) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Feb 18, 2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုများရှိသောကြောင့် အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Feb 18, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 18, 2022
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များထုတ်ပြန်
Feb 18, 2022
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရား ရုံးများ၏ (၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားသည်။
Feb 18, 2022
နေပြည်တော် ဖေဖော်ဝါရီ ၁၇
Feb 18, 2022
ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။