Feb 18, 2022
လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ယူ ထမ်းဆောင်ရလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာအောင်၊ အာမခံချက်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် ထိန်းသိမ်း စောင့်ရှောက် နေသည့်၊ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ပေး နေသည့်
Feb 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့တွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ယနေ့တွင် အဆိုပါမြို့နယ်များရှိ မြို့နယ်ခန်းမများ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမများ၌ သီးခြားစီတွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား သည်။
Feb 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျိုင်းတုံမြို့နယ် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား သို့ တက်ရောက်ချီးမြှင့်သည်။
Feb 18, 2022
ကမ္ဘာပေါ်တွင် မျက်မှောက်ကာလ၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ် နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလက ပစိဖိတ် သမုဒ္ဒရာရေစီးကြောင်း ပူနွေးလာ မှုကြောင့် လာနီညာဖြစ်စဉ် ဖြစ်ပေါ်လာပြီး အကျိုးသက်ရောက်မှုအဖြစ် အရှေ့မြောက်မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပို့ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပါသည်။
Feb 18, 2022
ထိန်းသိမ်းရမည့်အမွေအနှစ်များ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပျူမြို့ဟောင်းများဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ တို့ကို စနစ်တကျတူးဖော်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ ဖေဖော်ဝါရီ ၉ ရက်နေ့က သွားရောက် လေ့လာကြည့်ရှုခဲ့စဉ်သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
Feb 17, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်း ရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ၏ ဉပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် လုံခြုံစိတ်ချရသည့်နေရာများ၌ ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိသော ဒေသခံပြည်သူများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ နေရပ် အသီးသီး သို့ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၇-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Feb 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါသည်။
Feb 17, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Feb 17, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Feb 17, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် လက်အောက်ခံဌာနရုံးများ၌ ကျင်းပသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။