Apr 02, 2022
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားသုံးစွဲသူ ပြည်သူများမှ လစဉ်ပေးဆောင် ရမည့် ဓာတ်အားခများအတွက် လစဉ် လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မီတာဖတ်ခြင်း၊ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘီလ်ထုတ်ခြင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘီလ်ပေးဝေခြင်းများ ဆောင်ရွက်ပြီး ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက် (Last Date) များအား လ၏ (၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅) ရက်များတွင် နောက်ဆုံးထား ပေးဆောင်ရန် သတ်မှတ်ကောက်ခံလျ
Apr 02, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။
Apr 02, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အန်းဟေးပြည်နယ် ဟွမ်းရှမ်မြို့သို့ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။
Apr 02, 2022
မြန်မာ-တရုတ်နယ်စပ်ဒေသများဖြစ်သည့် မူဆယ် နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့၌ အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ဧပြီ ၁ ရက်တွင် စတင်အသုံးပြုဆောင်ရွက်သည်။
Apr 02, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၅) နှစ်မြောက် အဖွဲ့စတင်ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။
Apr 02, 2022
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားသည်။
Apr 02, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးနှင့် ပတ်သက်၍ “သုတေသနပြုရုံနဲ့ မရဘူး။ တွေ့ရှိချက်တစ်ခုနဲ့ မရဘူး။ ဒါနောက်က ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဒီလိုသွားရမှာပေါ့။
Apr 02, 2022
၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်ကို အချိန်မီပြီးစီးရေး အတွက် သက်ဆိုင်ရာက ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် ရာနှုန်းပြည့်ပြီးစီးနေကြပြီ ဖြစ်သည်။
Apr 01, 2022
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။