Skip to main content

Mar 16, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ကားလမ်းနှင့် ရထားလမ်းဆုံအနီးရှိ ရွှေညီကို မော်တော်ယာဉ်ဂိတ်ရှေ့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မော်တော်ယာဉ်စီးနင်းလာသည့် အမည်မသိအမျိုးသား(၂)ဦးမှ သေနတ်ဖြင့်လာ‌ရောက်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ (၁၁) ပေါက်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မတ်လ ၁၅ ရက် ညပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အပါအဝင် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့တွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM19)တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မတ်လ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး ဦးခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေး မှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ် Major General Pen Sokrethvithyea၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham၊ ဘူရူးနိုင်းနိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့နှင့် သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့တွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်