Skip to main content

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၉-၃-၂၀၂၂ နေ့ကပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ၃၁-၁-၂၀၂၂ နေ့မှ ၁၁-၃-၂၀၂၂ နေ့ထိ လုပ်ငန်းအသိအမှတ် ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် နှစ်ဦး၊ အထွေထွေ ၁၂ ဦး ပေါင်း ၁၄ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ နှစ်ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များ ပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ နေ့မှစ၍ ယနေ့ အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆ ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း ၃၁၄၅ ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၃၉၁ ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၂၃၂ ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါ သည်။

ပြန်ကြားရေးဝန်ကြီးဌာန