Skip to main content

Mar 18, 2022

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မတ် ၁၇ ရက် ညနေပိုင်းတွင် ဖနောင်းပင်မြို့၊ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ဂုဏ်ပြု ညစာ စားပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-19) ကို ယနေ့နံနက်ပိုင်းတွင် ဖနောင်းပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပြည်သူလူထုအား အရည်အသွေးပြည့်ဝ၍ လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ မူဝါဒများချမှတ်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းတို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်များ၊ စာသင်ခန်းများနှင့် ကျောင်းဘောလုံးကွင်းကို ကြည့်ရှု စစ်ဆေး၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် ကျောင်းဘောလုံးကွင်း အဆင့်မြှင့်တင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတွင် စိုက်နိုင်ပျိုးနိုင်၊ အသုံးချနိုင်သော မြေသယံဇာတ ပေါများကြွယ်ဝစွာ ရှိနေသည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ် တိုးတက်နေသော်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်မရှိပေ။ ပိုလျှံသည်များကိုလည်း ပြည်ပသို့ပင် တင်ပို့နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2022

နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော် ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများကိုပါ မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင် ဖောက်ခွဲခြင်းတို့ကို စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောက်လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်