Skip to main content

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများလိုက်နာရန် စည်းကမ်းချက်များအား အသိပေးခြင်း

၁။      ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ(၈)တွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများသည် အောက်ပါအချက် တစ်ရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာများကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရန်  ပြဋ္ဌာန်းထားရှိပါသည်-

(က)    တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေး အရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊

(ခ)     နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို သော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကို သော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊

(ဂ)     ညစ်ညမ်းစာများကို ဖော်ပြခြင်း၊

(ဃ)    ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်း။

၂။       သို့ဖြစ်ပါ၍ ပုံနှိပ်သူများ၊ ထုတ်ဝေသူများအနေဖြင့် အထက်ပါ စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန