Oct 07, 2021
နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ တောင်သူများ အား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
Oct 07, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ပန်းဘဲတန်း မြို့နယ်ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန
Oct 07, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာသို့ လာရောက် တိမ်းရှောင်လျက် ရှိသည့် ကုန်းပေါင်၊ ကုန်းယန်း၊ လွယ်ဆိုင်းနှင့် ဟိုခဲကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ ၂၉၉၃ ဦးတို့ကို အောက်တိုဘာ ၅ ရက်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲ ခြောက်များ၊ ရွှေဖီဦးလက်ဘက်ရည်ထုပ်များနှင့် အဝတ်အထည်များကို သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Oct 07, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 07, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူ တင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် (၃၇၀ဝိ/-) နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချ လျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွက် စားအုန်းဆီ ပိဿာ (၄,၆၀၃,၇၂၀) ၊ တန်ချိန် (၇၅၂၂) တန်ရောင်းချခဲ့ပြီးဖြစ်သည်။
Oct 07, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံး(ဗဟို)တို့ ပူးပေါင်းစီစဉ်၍ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး မှပညာရှင်များနှင့် မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း (မူလွန်)၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
Oct 07, 2021
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Oct 07, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် စစ်ဆေး ရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၁ ဦးကိုလည်းကောင်း၊
Oct 07, 2021
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ထားဝယ်မြို့၊
Oct 07, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
Oct 07, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်ဦးကျော် စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောအဖွဲ့ သည် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တွင် မြောင်းမြ အကျဉ်းထောင်နှင့် မြောင်းမြမြို့ ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်း တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်၊ သတိပေးချက်၊ စည်းကမ်း ချက်များနှင့်အညီ သွားရောက် ကြည့်ရှုစစ်ဆေး ကြသည်။
Oct 07, 2021
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
Oct 07, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းအကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုး မွေးမြူ ရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးသည်။
Oct 07, 2021
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရန်၊
Oct 07, 2021
မြန်မာ့ပင်လယ်ပြင်ပိုင်နက်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေပေါ် ရေအောက်သယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ မြောက်ဘက်ဆုံး နတ်မြစ်ဝမှတောင်ဘက်ဆုံး ဘုရင့်နောင် အငူထိပ်အထိ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၁၂၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင် ထားသည့် မြန်မာနိုင်ငံအဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ အင်အားတစ်ရပ်မှာ ရှိသင့်ရှိထိုက်သည့်၊ ရှိနေရမည့် လိုအပ်ချက်ပင်ဖြစ်သည်။
Oct 07, 2021
မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်စနစ်၊ နယ်ချဲ့အရင်းရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ဒီမိုကရေစနစ်ကို စတင်ဖော်ဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပထမ အကြိမ်အဖြစ် ပါလီမန်ဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကျော် အကောင်အထည်ဖော်ပြီး နောက် တစ်ခန်းရပ်သွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကြာ အကောင်အထည်ဖော်ပြီးနောက် တစ်ခန်းရပ်ခဲ့ရပြန်သည်။ ပြည်သူများနှစ်သက်ကြသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခဲ့သော်လည်း အခြေခံ အုတ်မြစ်ကို ခိုင်မြဲစွာမစိုက်ထူနိုင်သဖြင့် ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။
Oct 06, 2021
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 06, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြား ဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Oct 06, 2021
အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး ဦးစိန်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြအပ်ပါသည် −
Oct 06, 2021
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြင့်ထွန်းညှိပူဇော်ခြင်း လုပ်ငန်းကို လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
