Skip to main content

သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးထား သတ်မှတ် အရောင်းဆိုင်များတွင် ဝယ်ယူမရရှိပါက ဆက်သွယ်တိုင်ကြားနိုင်

နေပြည်တော် အောက်တိုဘာ ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၂၁၃ ဆိုင်တွင် Ron92 လီတာ ၆၃၄၀၇၄၀၊ ဒီဇယ် ၆၂၄၁၃၂၃ လီတာ နှင့် Premium ဒီဇယ် ၅၇၉၃၅၅၆ လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများကို ကြေညာခဲ့ပြီး ဖြစ်သည်။

ပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် အောက်ဖော်ပြပါ ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀ဝ၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်းစဉ်