Skip to main content

Mar 26, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ စီမံကိန်းမန်နေဂျာ Mr. Ilia Mesterov ဦးဆောင်သော

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲ မှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များနှင့် တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ကွန်ပျူတာအခြေခံသဘောတရားများအား ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓ ဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ ဖွင့်လှစ်ခဲ့သည့် သတင်းမီဒီယာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကိုယ်စားလှယ်များအနက် Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးပါ ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဥရောပအာရှစီးပွားရေး ကော်မရှင်၏ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် သည် ယနေ့ညနေ ၄ နာရီတွင် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ် စားလှယ်များအား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတော ကမ်းလမ်းပေါ်ရှိ အရှည်ပေ ၁၂၀၀ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

“နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်ရန်ဖြစ်ပြီး ကျွန်တော်တို့တပ်မတော်သားများဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက်ကာကွယ်ရေးတာဝန်ထမ်းဆောင် နေခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတစ်နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ကြားချက်တွင် အသိပေးမှာကြားထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2022

၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းတွင် အာရှတိုက်သည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးတို့၏ အချက်အချာဖြစ်လာသည်။ အာဆီယံ ၁၀ နိုင်ငံအနက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့၏ အဆက်အစပ်နေရာတွင် တည်ရှိနေခြင်း၊ အာရှ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်ထိစပ်၍ တည်ရှိနေခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေကြောင်းလမ်းတွင် အရေးပါသည့် မာလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်သည့် နေရာတွင် တည်ရှိနေခြင်းတို့ကြောင့် မဟာ ဗျူဟာအရ အချက်အချာကျသည့်နိုင်ငံ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် ညပိုင်းတွင် လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ်(၁)၊ ဝန်ထမ်းအိမ်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများအား အကြမ်းဖက် ဖောက်ခွဲရန်စီစဉ် ဆောင်ရွက်လျက်ရှိသူ စည်သူရှိန်(၃၈)နှစ်နှင့်အတူ မြတ်မြတ်ခိုင်(၅၇) နှစ်၊ ရဲလွင်ရှိန်(၃၁)နှစ်၊ သက်အောင်ရှိန်(၂၉)နှစ်၊ မင်းချမ်းမွန်(၂၀)နှစ်တို့အား လက်လုပ် မိုင်း ၃ လုံး၊ လက်ကိုင်ဖုန်း ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 25, 2022

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေး-သူရဲဈေး ရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးဘူတာကြီး စင်္ကြန်(၁)၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့မီးရထားဦးဆောင် ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများနှင့်ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်