Skip to main content

ဒို့တာဝန်အရေး(၃)ပါးကို ဦးလည်မသုန်ထမ်းဆောင်

နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး ()ပါးကို ကာကွယ်ရန်ဖြစ်ပြီး ကျွန်တော်တို့တပ်မတော်သားများဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက်ကာကွယ်ရေးတာဝန်ထမ်းဆောင် နေခြင်းဖြစ်ပါတယ်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတစ်နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ကြားချက်တွင် အသိပေးမှာကြားထားသည်။

မျက်မှောက်ကာလ ဖြစ်ပေါ်နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်းပြည်ပ အကြမ်းဖက်သမားများနှင့် လမ်းမှားလိုက်နေသော လူပုဂ္ဂိုလ်။ အဖွဲ့အစည်းများသည် ဒီမိုကရေစီ အရေးဆိုသည်ထက်လူပုဂ္ဂိုလ်အရေး၊ အဖွဲ့အစည်း တစ်ခု၏အရေးကို ဦးတည်ပြီး တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးလုပ်ရပ်များအား လုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် တိုင်းပြည်ကို မင်းမဲ့စရိုက်အဖြစ်မခံ၊ လျစ်လျူရှုမနေဘဲ နိုင်ငံတော်နှင့်ပြည်သူကို အလေးထား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့် လက်ရှိတွင် အနိမ့်ဆုံးအဆင့် ကာကွယ်စောင့်ရှောက် ပေးနေခြင်းဖြစ်ပြီး တိုင်းပြည် အလုံးစုံပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိ မသွားအောင် အမြင့်ဆုံးအဆင့် ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သည်။ နိုင်ငံတော်အား အမြင့်ဆုံးအဆင့် ကာကွယ် စောင့်ရှောက်ပေးသွားရာ၌ တပ်မတော် ၏အဓိဋ္ဌာန်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထာဝရဦးထိပ်ပန်ဆင်ပြီး မပြတ်သောသတိ၊ စွဲမြဲသောသန္နိဋ္ဌာန်ဖြင့် တည်ဆောက်ကာကွယ် စောင့်ရှောက် လျက်ရှိပါသည်။

ပြည်ထောင်စုမပြိုကွဲစေရန် အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးသည် အထူးအရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကြား ဖြစ်ပွားလာခဲ့သော ပဋိပက္ခများချုပ်ငြိမ်းသွားစေရေးအတွက် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါ သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ စသည့်ကော်မတီ သုံးရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် EAOများနှင့် ကိုးကြိမ်၊ နိုင်ငံရေးပါတီများနှင့်ခုနှစ်ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် တစ်ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ ၂၀၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူညီချက် ထုတ်ပြန်ရာတွင် ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်ပေးသွားမည်ဟု အသိပေးထားပြီးဖြစ်သည်။

အကြမ်းဖက်အဖျက်သမားများမှာ ယခုမှပေါ်ပေါက်လာသော နိုင်ငံရေးကို ခုတုံးလုပ် အမြတ်ထုတ်လိုသည့် တောကြောင်များဖြစ်သည်။ ၎င်းတို့ကို အနိမ့်ဆုံးအဆင့် ရှင်းလင်း ဖယ်ရှားလျက်ရှိရာ တစ်နေ့တွင် နေလာနှင်းပျောက်သဘော ရောက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော နိုင်ငံရေးပြဿနာဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာသွားနိုင်လျှင် ထာဝရငြိမ်းချမ်းရေးသည် မနှေးအမြန်ရရှိလာမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် ငြိမ်းချမ်းရေးကို အလေးအနက်တန်ဖိုးထားပြီး ဦးတည်လုပ်ဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ အမြင့်ဆုံးအဆင့်ဖြစ်သော နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ()ပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးကြီးသော ထာဝရငြိမ်းချမ်းရေးရရှိရန် တပ်မတော်အနေဖြင့် ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။  

ကြေးမုံအယ်ဒီတာ့အာဘော်