Skip to main content

အခြေခံကွန်ပျူတာမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများ  အနေဖြင့် ကွန်ပျူတာအခြေခံသဘောတရားများအား ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။

ဖွင့်လှစ်သင်ကြားပေးခဲ့ အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ က အခြေခံကွန်ပျူတာဆိုင်ရာ ဘာသာရပ်များကို မွမ်းမံသင်တန်းအနေဖြင့် ရှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ယခုလို ကွန်ပျူတာသင်တန်းများမှ သင်ကြားပေးလိုက်သော ပညာရပ်များကို မိမိတို့လုပ်ငန်းခွင်ရှိ နည်းပညာ အခြေပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ပေါင်းစပ်  အသုံးပြုသွားရန်ဖြစ်ကြောင်း၊ ယခုအခါ Globalization အရ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များသည် နည်းပညာကို  အခြေပြုဆောင်ရွက်ရသည်ဖြစ်ရာ ခေတ်မီကွန်ပျူတာနည်းပညာရပ်များကို မဖြစ်မနေ ကြိုးစားသင်ယူတတ်မြောက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော e-Recruitment and Integrated Civil Service System(ERICSS) စီမံကိန်းတွင် ဝန်ထမ်းများအနေဖြင့် အခြေခံနည်းပညာများကို အမှန်တကယ်  တတ်ကျွမ်းမှသာလျှင် တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သော အတတ်ပညာရပ်များနှင့် ရပ်တန့်မနေဘဲ ထပ်မံ လေ့လာသင်ယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ နည်းပညာအခြေပြု ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင် တိကျလျင်မြန်မှုရှိရန် လိုအပ်သကဲ့သို့ သတင်းအချက်အလက်လုံခြုံမှုရှိရန်လည်း လိုအပ် သည့်အတွက်ဟန်ချက်ညီညီအလေးထားဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ သို့မှသာလျှင် စီမံအုပ်ချုပ် မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် မိမိတို့ e-Government လုပ်ငန်းစဉ်များကို ချမှတ်ထားသော မူဝါဒများအတိုင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် သည်အထိတစ်ဦးချင်း၊ တစ်ယောက်ချင်းမှ ကြိုးပမ်း အားထုတ်ရန်လည်း အထူးလိုအပ်ပါကြောင်း၊ နောင်တွင်လည်း အလားတူ ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းများကို ဌာနတွင်းဖွင့်လှစ်ခြင်း၊ ပြင်ပဌာန၊ အဖွဲ့ အစည်းများသို့ သင်တန်းများစေလွှတ်၍ သင်ကြားပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားသည်။

တက်ရောက်

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီ ရက်မှ မတ် ၂၄ ရက်အထိဖြစ်ပြီး e-Government နှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ Microsoft Office Word Microsoft Office Excel Microsoft Office Power Point Window Installation ကွန်ပျူတာဆိုင်ရာ ပြဿနာများနှင့် ဖြေရှင်းနည်းများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်