Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ် လုပ်ငန်းနှင့် ငွေရေးကြေးရေး  ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။

သတင်းစဉ်