နေပြည်တော် မတ် ၂၅
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် သည် ယနေ့ညနေ ၄ နာရီတွင် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ် စားလှယ်များအား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် နည်းပညာ စသည့်ကဏ္ဍများတွင် နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်သည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂ၊ ဥရောပအာရှစီးပွားရေးကော်မရှင် တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်အဖွဲ့ အစည်းများ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာနိုင်မှု အခြေအနေ များကို ရင်းနှီးစွာဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်