Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း၏ စီမံကိန်းမန်နေဂျာနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ စီမံကိန်းမန်နေဂျာ Mr. Ilia Mesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပြီး သဘာဝဘေးဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန် Myanmar Disaster Response Team သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု၊ Social Work Institute တစ်ခုထူထောင်ရန် လိုအပ်နေမှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်