Jul 22, 2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မိုးစပါးစိုက်ပျိုး ရန် ဧက ၅၀ စာ ဆင်းသုခ၊ ဧရာ မင်းနှင့် ထိုင်းနှံကောက်စပါးမျိုးများ ပျိုးထောင်နေမှုနှင့် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ရန်ကုန် - မန္တလေးလမ်းဟောင်း ကားလမ်းဘေးနှစ်ဖက်၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Jul 22, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းနှင့် အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းတို့၏ ဆည်ရေသောက်ဧရိယာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jul 22, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ရန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။
Jul 22, 2024
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက် ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ် သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံး အနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Jul 22, 2024
မျက်မှောက်ကာလတွင် ကွန်ပျူတာနည်းပညာနှင့် အွန်လိုင်းအသုံးပြုမှုများဖြင့် လူမှုဘဝကို တည်ဆောက်ရှင်သန်ရပ်တည်လျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငွေရေးကြေးရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝကဏ္ဍပေါင်းစုံတို့တွင် အဆိုပါနည်းပညာများကို အားထားအသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အဆိုပါနည်းပညာများကို စဉ်ဆက်မပြတ်အသုံးပြုနိုင်ပြီး လုံခြုံစိတ်ချမှုရှိရန် အထူးလိုအပ်လျက်ရှိသည်။
Jul 22, 2024
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါကာလပတ်လုံး လောကလူသားအားလုံးတို့၏ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော အကျိုးစီးပွားအလို့ငှာ တရားတော်များ ဟောကြားဆုံးမတော်မူခဲ့သည်။ ဗုဒ္ဓဝစနခေါ် ဗုဒ္ဓဟောကြားခဲ့သည့် အဆိုပါတရားတော်တို့မှာ တပည့်သားသံဃာ့အဖွဲ့အစည်းအတွင်း နှုတ်တက်အာဂုံဆောင်ကာ ရောပြွမ်းမှတ်သားခဲ့ကြခြင်းဖြစ်ပြီး ပိဋကတ်အားဖြင့်လည်းကောင်း၊ နိကာယ်အားဖြင့်လည်းကောင်း ပိုင်းခြားသတ်မှတ်ခြင်းမရှိသေးဘဲ ပထမသင်္ဂါယနာတင်သည့် အခါမှသာ ပိုင်းခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Jul 21, 2024
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။
Jul 21, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jul 21, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
Jul 21, 2024
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းနှင့် ကျေးရွာအတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားမျာကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။