Skip to main content

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင်ရန် နာမည်နှင့်တကွ ဆင့်ခေါ်နေကြောင်းနှင့် တပ်မတော်က လာရောက်ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၄        

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက်တစ်ခုလျှင် လူငယ်လေးဦးမှ ၅၀ အထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေကြောင်းနှင့် တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က လာရောက်ခေါ် ဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေခြင်းနှင့် တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က လာရောက်ခေါ် ဆောင်သွားသည့်ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကိုအာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ကောလာဟလ သတင်းအမှားများဖြင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်