နေပြည်တော် မတ် ၁၃
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ဖျော်ဖြေရေးအစီအစဉ်များ တိုးမြှင့်တင်ဆက်မှုတွင် “ရယ်ရွှင်ပျော်” ဟာသတစ်ခန်းရပ်ပြဇာတ် အစီအစဉ်ကို MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိရာ ယခုအပတ်တွင် “သာဒင်နှင့် ရာဇဝင် ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို ပတ္တမြားကေခိုင်စီစဉ်မှုဖြင့် နာမည်ကျော်လူရွှင်တော်များဖြစ်ကြသည့် အောင်ကိုဟိန်း၊ ဦးနေကျော်၊ တူးနိုင်း၊ လကျော်၊ ဝဒီထွန်း၊ လန်းလန်း၊ လင်းလက်အောင်နှင့် တူးဒီတို့ ပါဝင်တင်ဆက်ကြမည်ဖြစ်ရာ MRTV-HD Channel မှ မတ် ၁၆ ရက်၊ စနေနေ့ ည၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းနှင့် မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ သတင်းအပြီးတွင်လည်း (Replay) ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်