Skip to main content

Sep 12, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်ရေများလျှံတက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ကြက်မင်းတွန်ရပ်ကွက်အတွင်း ဇော်ဂျီမြစ်ရေ ဝင်ရောက်မှုမရှိစေရေး သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူလျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီအချိန်ကရွာသွန်းသည့်မိုးဖြင့် ရေကန်များအတွင်း ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် မျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ၎င်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၁၇ ဖွဲ့ရှိပြီး လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ရေများဝင်ရောက်နေသည့် ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

ယခုနှစ်မိုးရာသီအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ တပ်ကုန်း-မကျည်းပင်၊ မကျည်းပင်-ညောင်လွန့်၊ ရမည်းသင်း-အင်ကြင်းကန်၊ ပျော်ဘွယ်-ရှမ်းရွာ၊ သပြေတောင်း-သဲတောဘူတာအကြားနှင့် သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းရှိ သာစည်-လှိုင်းတက်၊ လှိုင်းတက်-ဘုရားငါးဆူ၊ ဘုရားငါးဆူ-ယင်းမာပင်၊ မြင်းဒိုက်-ကလော၊ ကလော-အောင်ပန်း၊ ထီသိမ်-ပေါမူဘူတာအကြား လမ်းပိုင်းများနှင့် အောင်ပန်းဘူတာ ယာဒ်ဝင်းတို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်၍ တံတားများ ရေတိုက်စားပြီး ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်- မန္တလေးနှင့် သာစည် - ရွှေညောင် ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ယာယီရပ်နားထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက် (သောကြာနေ့) ည ၉ နာရီတွင် “မိဘမေတ္တာ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2024

“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV- HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ စက်တင်ဘာ ၁၄ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် လှိုင်သာယာ (၁) မူလတန်းကြိုကျောင်းနှင့် မင်္ဂလာဒုံမူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်