Sep 12, 2024
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၆၁ (A) လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားနေ ဦးရဲလင်းရွှေ (၄၇) နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် YGN-22/7D-4547 Alphard အမျိုးအစားယာဉ်ဖြင့် အမျိုးသား ၇ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းတို့အနက်မှ အမျိုးသား ၄ ဦးက ဓား၊ သေနတ်များကိုင်ဆောင်၍ နေအိမ်အတွင်းဝင်ရောက်လာကာ ဦးရဲလင်းရွှေ၏သမီးဖြစ်သူ မထက်နေရည်မောင် (၄) နှစ်အားရိုက်နှက်၍ နေအိမ်ရှိ စူပါကပ်ဆိုင်ကယ် ၁ စီးနှင့် ထီး ၁ လက်တို့အားဖျက်ဆီးပြီး ဦးရဲလင်းရွှေပိုင်ဆိုင်သည့် MDY-14/6J-9817 SUZUKI အမျိုးအစားခဲရောင်ယာဉ် ၁ စီး၊ IPhone 10 XR လက်ကိုင်ဖုန်း ၁ လုံးတို့အား ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၂၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၃/၄၂၇ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Sep 12, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ် ၄၀ ကျော် အဓမ္မစုဆောင်းခံရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားလှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Sep 12, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနီးရှိကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Sep 12, 2024
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ (၁၀) ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
Sep 12, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 12, 2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးများ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်မှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
Sep 12, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ပုဗ္ဗသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသော ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 12, 2024
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Vivekananda International Foundation ခန်းမ၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာမီဒီယာ သီးသန့်ဆွေးနွေးပွဲ 2d International Buddhist Media Conclave ကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Sep 12, 2024
တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်းနှင့် မယ်ခေါင်ချောင်း ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ (၁) နာရီခန့်အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရေများ ပြန်လည်ကျဆင်းလာလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် ရေကျဆင်းသွားသည့်နေရာများမှ ရွှံ့နွံနှင့် အမှိုက်သရိုက်များကို စတင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 12, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။