Skip to main content

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအားကယ်ဆယ်​ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ်ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄) ရပ်

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်‌ရေ၊ ချောင်းရေများမြင့်တက်လာပြီး ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိသည့်အတွက် လတ်တလောတွင် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် BRICS Media Summit သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအများစု၌ လူကုန်ကူးမှုအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ယနေ့သည် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ ၂၀၂၄ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် “ကလေးသူငယ် ချန်မထား လူကုန်ကူးမှု တိုက်ဖျက်သွား” ဆောင်ပုဒ်ကို ချမှတ်ထားပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်များအပါအဝင် လူကုန်ကူးခံရမှုအန္တရာယ်မှကင်းဝေးစေရန် အားလုံးပါဝင်လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် တစ်ပြိုင်တည်းလိုလိုဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခုတို့၏အရှိန်ကြောင့် ပြည်တွင်းဒေသအချို့တွင် မကြုံစဖူးထူးထူးကဲကဲဟုဆိုရလောက်အောင် မိုးရွာသွန်းခြင်းနှင့်ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုတို့ဖြစ်ပေါ်စေခဲ့သလို ယင်းမုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သည်။ ထိုနည်းတူ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကလည်း ဝင်ရောက်ပေါင်းစပ်ကာ ပြည်တွင်းဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မိုးရေချိန်စံချိန်သစ်တင်ခဲ့သည့် မြို့ ၁၀ မြို့ထက်မနည်းရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်