Sep 12, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ် ကွန်ကရစ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။
Sep 12, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ နဝင်းချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာ ၁၁ ရွာမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 12, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 12, 2024
ရာဂိမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသည်။ သို့ပါ၍ ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။
Sep 12, 2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။
Sep 12, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ ရေဘေးသင့်ပြည်သူများကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဥပ္ပါတသန္တိဘုရားကြီးရှိ အရှေ့ဘက်ဓမ္မာရုံတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 12, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယမန်နေ့နံနက် ၄ နာရီခန့်မှစတင်၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
Sep 12, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Sep 12, 2024
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Sep 12, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်” အတွင်း ကိန်းဝပ်စံပယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား” ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။