Skip to main content

Dec 16, 2024

ဒီနေ့ပြိုင်ခဲ့ရတဲ့ပြိုင်ပွဲမှာ လက်က ထိခိုက်ထားတော့ ကျွန်တော်ရထားပြီးသားစံချိန်ထက် နည်းနည်းတော့ လျော့သွားတယ်။ နောက်ပွဲတွေကျရင်တော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီနေ့ပြိုင်ပွဲမှာ ရွှေရပါတယ်။ ကျွန်တော်က ၆၇ ကီလိုတန်းမှာ မြန်မာပြည်စံချိန်ချိုးဖို့ ကြိုးစားနေတယ်။ ကျွန်တော်က ပြည်တွင်းပြိုင်ပွဲတွေကို ၂၀၁၄ - ၁၅ ခုနှစ် အသက် ၁၂ နှစ်အရွယ်ကတည်းက စပြိုင်တာပါ။ အသက် ၁၄ နှစ်အရွယ် အိုလံပစ်နေ့မှာ ရွှေတစ်ခုရတယ်။ နောက်တစ်နှစ်မှာ တိုင်းနဲ့ပြည်နယ်အဆင့် ကြေးတံဆိပ်၊ ပြီးတော့ နောက်နှစ်တွေမှာ ရွှေသုံးခု ဆက်တိုက်ရခဲ့ပါတယ်။ ကျွန်တော့်အဖေက ဂျူဒိုကစားသမား၊ အမေက အေရိုးဗစ်ကစားသမားပါ။ ကျွန်တော့်မျိုးရိုးလည်း အားကစားမျိုးရိုးဆိုတော့ အားကစားကို နှစ်သက်တယ်။ ကျွန်တော့်အနာဂတ်က ဆီးဂိမ်းသွားမယ်၊ ရွှေတံဆိပ်ဆုတွေ ယူမယ်။ ကျွန်တော်တို့ အလေးမအားကစားက မျိုးဆက်သစ်ရှားတဲ့ ကစားနည်းဖြစ်တယ်။ အလေးမအားကစားက လုပ်ချင်တဲ့သူတိုင်း လုပ်လို့မရဘူး။ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့က ဒီလိုအားကစားပွဲတွေ များများကျင်းပပေးဖို့လိုတယ်။ တကယ့်အလေးမအားကစားသမားကောင်းတွေ ထွက်ဖို့ဆိုရင် ပြိုင်ပွဲတွေမတိုင်မီ အနည်းဆုံး ခြောက်လလောက် Camp သွင်းပြီး လေ့ကျင့်သင့်တယ်။ အလေးမကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ သတိထားရမှာက အိပ်ချိန်၊ စားချိန်မှန်ရမယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ ထိခိုက်နာကျင်မှုမဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲအလိုက် အသင်းလိုက် ရွှေ၊ ငွေ၊ ကြေး ဆုရရှိမှု ( ၁၁-၁၂-၂၀၂၄ မှ ၁၅-၁၂-၂၀၂၄) ရက်နေ့ထိ

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲအလိုက် အသင်းလိုက် ရွှေ၊ ငွေ၊ ကြေး ဆုရရှိမှု ( ၁၁-၁၂-၂၀၂၄ မှ ၁၅-၁၂-၂၀၂၄) ရက်နေ့ထိ

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ လူငယ်သင်တန်းကျောင်း သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ အကြိမ် (၃၀) မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်များဆေးရုံ (ရန်ကုန်) သို့ သွားရောက်၍ တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူများအတွက် သွားနှင့်ခံတွင်းဌာန ဖွင့်လှစ်ကုသနေမှုကို သွားရောက်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဖိတ်ခေါ်ထားရှိသည့် သက်ကြီးရွယ်အို ၂၉ ဦး၊ တက္ကသိုလ်ပေါင်းစုံမှ အငြိမ်းစားတက္ကသိုလ် ဆရာ ဆရာမ၊ ဝန်ထမ်းမိသားစုများ ၁၅ ဦး စုစုပေါင်း ၄၄ ဦးကို အံကပ်များ တပ်ဆင်ပေးနေမှု ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2024

နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်