Nov 17, 2024
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ဝေထားသော အများပြည်သူလှည့်လည်သုံးစွဲသည့် ငွေစက္ကူများကို တန်ဖိုးထား၍ စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သည်။ ငွေစက္ကူသည် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးအပါဆုံးအရာဖြစ်သည့်အတွက် ငွေစက္ကူအမျိုးမျိုးတို့ကို စနစ်တကျကိုင်တွယ်အသုံးပြုကြရ မည်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝတွင် ဟောင်းနွမ်းငွေစက္ကူများ ကိုင်တွယ်အသုံးပြုရာတွင် အခက်အခဲအမျိုးမျိုးရှိနိုင်ပေသည်။
Nov 17, 2024
၁၉၂၀ ပြည့်နှစ်သည် ဗြိတိသျှနယ်ချဲ့လက်အောက် ကျရောက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာချိန်ဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးရှင်ဘုရင်ကို ဗြိတိသျှတို့က နန်းချကာ မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းလုံးမှ ဆန့်ကျင်တွန်းလှန် ပုန်ကန်မှုများနှင့် နယ်ချဲ့အစိုးရ ရင်ဆိုင်ခဲ့ရသည်။ ဗြိတိသျှအင်ပါယာအတွင်းရှိ အခြားနယ်မြေများ၊ လူမျိုးများအားလုံးတို့ထက် ပိုမိုပြင်းထန်သည်။ မြန်မာနိုင်ငံ တောင်ပေါ်မြေပြန့်ဒေသအားလုံးမှ တော်လှန်တိုက်ခိုက်မှုများကို နှိမ်နင်းနိုင်ရန် ဗြိတိသျှတို့က စစ်ရေးဘက်တွင် လက်နက်ကိုင်အင်အားခြောက်ဆနီးပါးမျှ တိုးချဲ့ဖြည့်တင်းခဲ့ရပြီး စစ်ရေးများကိုကွပ်ကဲရန် သမ္ဘာအရင့်ဆုံး အတော်ဆုံးစာရင်းဝင် စစ်ဦးစီးချုပ်ကို မြန်မာနိုင်ငံသို့ခေါ်ယူ၍ စစ်ဆင်ရေးအရှိန်အဟုန်မြှင့်ခဲ့ရသည်။
Nov 16, 2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 16, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Nov 16, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက် ဒီကနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
Nov 16, 2024
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦးသို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နေပြည်တော် တပ်မတော်လေဆိပ်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 16, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ တန်ဆောင်တိုင်မီးထွန်း ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 16, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန်တွင် ရေကျော်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့်အခြေအနေများနှင့် လတ်တလော စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Nov 16, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ယနေ့တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် နောက်ဆုံးနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
Nov 16, 2024
နေပြည်တော်၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ညပိုင်းတွင် မာရဝိဇယရုပ်ရှင်တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်သို့ တက်ရောက်ကြသည်။