Nov 20, 2024
ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20, 2024
သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူကြောင်း ကြေညာချက်
Nov 20, 2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပျဉ်းမကျင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပျဉ်းမကျင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Nov 20, 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကို ၁၄-၁၁-၂၀၂၄ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိကျောင်းအပ်လက်ခံပြီး ၂၁-၁၁-၂၀၂၄ ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Nov 20, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းသို့သွားရောက်၍ ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
Nov 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Nov 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းကို ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Nov 20, 2024
မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတပစ္စည်းများ အလျှံပယ် ထွက်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် မြောက်ဘက်တောင်ကုန်းဒေသ၊ အရှေ့ဘက် တောင်ကုန်းနှင့် ကုန်းပြင်မြင့်များ၊ တနင်္သာရီတောင်တန်းဒေသတို့သည် သက်ရင့် ကျောက်များဖြင့် တည်ဆောက်ဖွဲ့စည်းထားသောကြောင့် ထိုဒေသများ၌ ကျောက်နီ၊ ခဲ၊ သွပ်၊ ရွှေ၊ ငွေ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသည့် တွင်းထွက်ရတနာမျိုးစုံထွက်ရှိသည်။
Nov 20, 2024
ပြီးခဲ့သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတို့တွင် ရိုးရာဓလေ့အလိုက် ကျင်းပကြသည့် ပွဲတော်များ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် စည်ကားသိုက်မြိုက်ခဲ့သည်။ နိုင်ငံတစ်ဝန်းဟုဆိုရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော၊ ငြိမ်းချမ်းသော မြို့ရွာများတွင်သာဖြစ်ပြီး အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် ဒေသများတွင်မူ ဆန့်ကျင်ဘက်အခြေအနေများအဖြစ် ပျော်ရွှင်အေးချမ်းမှုတို့ ဆိတ်သုဉ်းနေကြမည်ဖြစ်သည်။ ထောင်သောင်းမက များပြားလှစွာသော ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲကြသည့် ဘုရားပွဲတော်၊ မီးထွန်းပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတော်၊ မီးပုံးပျံပွဲတော်၊ မီးရှော်တိုင် မီးကြာစံပွဲတော်၊ ဂီတပွဲတော်၊ ဈေးရောင်းပွဲတော်တို့၏ ကြက်ပျံမကျ စည်ကားလှသည့် ပုံရိပ်များက ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ပြည်သူတို့၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်ပေါ်လွင်စေသည်။