Skip to main content

Nov 18, 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ခရီးသွားပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းနှင့် တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်(ကြာသပတေးနေ့)မှစ၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို နိုဝင်ဘာ ၂၁ ရက်(ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

ယဉ်ကျေးမှုကို မြန်မာအဘိဓာန်တွင် “သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်း”စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အဆိုပါမြတ်နိုးဖွယ်ရာ ဂုဏ်အင်္ဂါများမှာ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ထွန်းကားခဲ့သလို မကြာသေးမီကာလက ကျင်းပဆင်နွှဲခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်များတွင် ထင်ရှားပေါ်လွင်စွာ ညွှန်းဆိုပြသခဲ့သဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

မြန်မာလူမျိုးတို့ ရုံးပြင်ကနားကို ကြောက်တတ်ကြသည်မှာ ရှေးကတည်းကပင်ဖြစ်၍ ယနေ့ခေတ်အထိလည်း ကြောက်မြဲ၊ ကြောက်ဆဲတို့ရှိကြသေးသည်။ ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်တို့တွင် ရုံးဌာနများသည် အစိုးရအုပ်ချုပ်ရေး ယန္တရားများတွင်ပါဝင်၍ ပြည်သူများ၏ အထက်တွင်ရှိပြီး အဆိုပါယန္တရားများမှ ဝန်ထမ်းများမှာလည်း အလိုလိုနေရင်း ပြည်သူများ၏ အထက်သို့ရောက်နေသည်ဟု ယူဆကြသည်။ အချုပ်တန်းဆရာဖေ ရေးသားသည့် တေးထပ်ထဲကကဲ့သို့ “စာဇင်တောင် ဦးချလို့၊ ပလူးရပြေးကြို့ခါခါ၊ ခွေးသို့ပမာ...” ဆိုသည့် အဖြစ်မျိုးမှာ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုအကြောင်းပြု၍ ပြည်သူကိုအာဏာပြတတ်ကြသည့် ဝန်ထမ်းဆိုးတို့ကြောင့်ဟု ရှုမြင်နိုင်သည်။ အခြားရှုထောင့်မှကြည့်ပါက ဗဟုသုတနည်းပါးမှု၊ ပညာနည်းပါးမှုနှင့် မိမိတို့ကိုယ်တိုင် အားနည်းချို့ယွင်းမှုတို့ကြောင့် စာဇင်ဟု ဗမာသံဖြင့် ခေါ်ဆိုခဲ့ကြသည့် ပုလိပ်ဆာဂျင်အဆင့်မျှကို ဦးချခဲ့ကြသူများရှိခဲ့ခြင်းဟုလည်း ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့သည့်အမရ ရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း သို့သွားရောက်ပြီး မေတ္တာပေါင်းကူးတံတားဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ဧလာတိဏ္ဏဗုဒ္ဓရက္ခိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2024

​​​​​​​မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ဝေထားသော အများပြည်သူလှည့်လည်သုံးစွဲသည့် ငွေစက္ကူများကို တန်ဖိုးထား၍ စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သည်။ ငွေစက္ကူသည် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးအပါဆုံးအရာဖြစ်သည့်အတွက် ငွေစက္ကူအမျိုးမျိုးတို့ကို စနစ်တကျကိုင်တွယ်အသုံးပြုကြရ မည်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝတွင် ဟောင်းနွမ်းငွေစက္ကူများ ကိုင်တွယ်အသုံးပြုရာတွင် အခက်အခဲအမျိုးမျိုးရှိနိုင်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2024

​​​​​​​၁၉၂၀ ပြည့်နှစ်သည် ဗြိတိသျှနယ်ချဲ့လက်အောက် ကျရောက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာချိန်ဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးရှင်ဘုရင်ကို ဗြိတိသျှတို့က နန်းချကာ မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းလုံးမှ ဆန့်ကျင်တွန်းလှန် ပုန်ကန်မှုများနှင့် နယ်ချဲ့အစိုးရ ရင်ဆိုင်ခဲ့ရသည်။ ဗြိတိသျှအင်ပါယာအတွင်းရှိ အခြားနယ်မြေများ၊ လူမျိုးများအားလုံးတို့ထက် ပိုမိုပြင်းထန်သည်။ မြန်မာနိုင်ငံ တောင်ပေါ်မြေပြန့်ဒေသအားလုံးမှ တော်လှန်တိုက်ခိုက်မှုများကို နှိမ်နင်းနိုင်ရန် ဗြိတိသျှတို့က စစ်ရေးဘက်တွင် လက်နက်ကိုင်အင်အားခြောက်ဆနီးပါးမျှ တိုးချဲ့ဖြည့်တင်းခဲ့ရပြီး စစ်ရေးများကိုကွပ်ကဲရန် သမ္ဘာအရင့်ဆုံး အတော်ဆုံးစာရင်းဝင် စစ်ဦးစီးချုပ်ကို မြန်မာနိုင်ငံသို့ခေါ်ယူ၍ စစ်ဆင်ရေးအရှိန်အဟုန်မြှင့်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်