နေပြည်တော် မေ ၃၀
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၅) ကြိမ်မြောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ကျင်းပရာ ပြည်ထောင်စုရာထူး ဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာရေးဆုံးခန်းတိုင် သည်အထိ သင်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
အားပေးစကား ပြောကြား
ယင်းနောက် အဖွဲ့ဝင်များက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့်၊ အခြေခံပညာ အဆင့်တက်ရောက်မည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကြသည်။
ချီးမြှင့်ပေးအပ်
အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ ၂၂ ဦးအတွက် ပညာ သင် ထောက်ပံ့ကြေးငွေကျပ် ၂၂၀၀၀၀၀၊ အခြေခံပညာအဆင့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းသားကျောင်း သူ ၁၃၉ ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ငွေကျပ် ၄၅၃၀၀၀၀၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများအတွက်ငွေကျပ် ၅၅၂၅၃၅၀ စုစု ပေါင်းငွေကျပ် ၁၂၂၅၅၃၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်