Sep 16, 2020
ရှုပ်ထွေးစည်ကားနေလေ့ရှိသည့် ရန်ကုန်မြို့၊ လမ်းများပေါ်တွင် ကျပ်တည်းနေသော ကားများ ဖြင့် ပြည့်နေသည့် ရန်ကုန်မြို့သည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်ကျဲပါးသွားသည်။ လူသွား လူလာရှင်း၊ ကားသွားကားလာရှင်းဖြစ်နေသည့် အဓိကအကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တစ်ကျော့ပြန် ပြန့်ပွားကူးစက်မှု မြန်ဆန် လာပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအရေအတွက် နေ့စဉ်တိုးမြင့် များပြားလာမှုကြောင့် အိမ်ပြင်ထွက်သူ သိသိသာသာ လျော့ ကျ သွားခြင်းဖြစ်၏။
Sep 15, 2020
၁။ (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ
Sep 15, 2020
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံ များအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 15, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံ အရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင် ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Sep 15, 2020
၁။ ယမန်နေ့ (၁၄-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
Sep 15, 2020
မန္တလေးမြို့တွင် Covid-19 ပိုးတွေ့လူနာ များလာသည့်အတွက် ကန်တော်နဒီဆေးရုံဖြင့် လုံလောက်မည် မထင်သောကြောင့် လူနာများလက်ခံကုသပေးရန် ခုတင် ၃၀၀ သင်ကြားရေး ဆေးရုံကြီးကို ဒုတိယစင်တာအဖြစ် အသုံးပြုမည်ဟု သိရသည်။
Sep 15, 2020
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျစိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 15, 2020
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးလှသိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။
Sep 15, 2020
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိရာ စက်ရုံအများဆုံး တည်ရှိသည့် လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန်ရှိပြီး ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲဖြတ်သန်းလျက် စက်မှုဇုန်များ ဆက်လက် လည်ပတ် မှုဖြင့် အလုပ် သမားများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေဆဲဖြစ်ကြောင်း သိရသည်။