Skip to main content

CERP အစီအစဉ်အရ မင်းပြားမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့

နေပြည်တော် စက်တင်ဘာ ၁၅


ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင် ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅) မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၄၀,၀၀ဝိ/-)နှုန်းဖြင့်ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် မင်းပြားမြို့နယ်၊ နဂရာ ကျေးရွာ အုပ်စု၊ ကျွန်းတောရွှေဖောင်တော ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇၂)စု၊ ပန်းမြောင်းအုပ်စု၊ ရွာသစ် ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၅၀) နရမ်းအုပ်စု၊ နရမ်းရွာကြီး ဓမ္မာရုံရှိ အိမ်ထောင်စု(၅၇)စု၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇)စု၊ အလယ်ပိုင်း ရပ်ကွက်၊ ပုညရာမ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၄၇)စု၊ စမ္ဘလေအုပ်စု၊ သေကန်ဘုန်း တော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၁၂)စု၊ စမ္ဘလေအုပ်စု၊ အမ်းသားဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု(၉၂)စု၊ သူဌေးကုန်း ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၅၈)စု၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၃၂)စု၊ အိုင်ဝန်းကျေးရွာအုပ်စု၊ အိုင်ဝန်းကျေးရွာရှိ အိမ်ထောင်စု(၆)စု၊ မြို့သစ်ရပ်ကွက်၊ ဓညဝတီ ကျောင်းတိုက်ရှိ အိမ်ထောင်စု(၆၃)စု၊ မြို့သစ်ရပ်ကွက်၊ မြရတနာကျောင်းတိုက်ရှိ အိမ်ထောင်စု(၃)စု၊ ထိန်ပင်အုပ်စု၊ ရွှေကျန်ဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု(၃၈)စု၊ မင်းဇီအုပ်စု၊ ဝါးတောင်ကျေးရွာရှိ အိမ်ထောင်စု(၇၈)စု စုစုပေါင်း ယာယီတိုက်ပွဲ ရှောင်စုရပ်(၁၄)ခုရှိ အိမ်ထောင်စု(၉၁၅)စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၃၆,၆၀၀,၀၀ဝိ/-)ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ တွင် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်းပြားမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်ဌာန ဆိုင်ရာများနှင့်အတူ တိုက်ပွဲရှောင်စခန်းအသီးသီးသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ သည်။
ထို့အပြင် ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)