နေပြည်တော် စက်တင်ဘာ ၁၅
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံ များအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်း အဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလတွင် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ နိုင်ငံ တကာမှ ရင်းနှီးမြုပ်နှံမှုများ နှင့်အတူ အားကစားကဏ္ဍပါလာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံများ/ အလုပ်ရုံများ ပါပေါ်ထွက်လာမည် ဖြစ်ပါသဖြင့် ထိုလုပ်ငန်းစုများတွင် ဝင်ရောက်လုပ်ကိုင်မည့် ရင်းနှီးမြုပ်နှံ သူများ၊ အလုပ်သမားများ၊ ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာကြံ့ခိုင်ရေး၊ အားကစားဆိုင်ရာ အစီအမံများ ပါထည့် သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ သက်ဆိုင်ရာ အားကစားနှင့် ပတ်သက် သော ကျွမ်းကျင်မှုကို ပိုမိုမြင့်တင်ရန် လိုအပ် ကြောင်း၊ ရောဂါကူးစက်မှု ယခုထက် ပိုမိုမြင့် တက်လာပါက ကိုဗစ်-၁၉ ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင် ရာ ဒေသများ ရှိ အားကစား ကွင်း/ရုံများ အသုံးပြုမည်ကို ကြိုတင်အသိပေးပြောကြားလိုပါ ကြောင်း ပြောကြားသည်။ ယင်းနောက် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစား နှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့က ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့် (၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့်အစီအမံများအား အသေးစိတ်တင်ပြ ဆွေးနွေးကြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)